Saturday, October 24, 2009

Happy birthday my best friend

သူငယ်ချင်းသို့ ......................

သူငယ်ချင်းရေ.....
တွေ့ ဆုံမှု့ တွေ မကြာရှည် ခဲ့ပေမယ့်
ခင်မင်မှု့ တွေကတော့ ထာဝရပါကွာ...။
သူငယ်ချင်းရေ....
စိုင်းစိုင်း ပြောသလို မင်းနဲ့ ငါလဲ
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ 
ဒီလိုနဲ့ ပဲ သံယောဇဉ်တွေက
စိမ်းစိမ်းစိုစို..အမြဲလိုလို လန်းဆန်းနေပါတယ်ကွာ.။
သူငယ်ချင်းရေ.....
တွေ့ ဆုံ ကြုံကွဲ ဖြစ်မြဲဓမ္မတာ
ဒီလောကကြီးထဲမှာ မင်းနဲ့ ငါလည်း
တစ်နေ့ တော့ ခွဲခွာရမယ်ဆိုပေမဲ့
စိတ်ချင်းနှလုံးချင်း..အမြဲတန်းနီးနေမှာပါကွာ..။
သူငယ်ချင်းရေ...
ရှုပ်ထွေးပွေလီ ဟောဒီ လူ့ ဘောင်ကြီးမှာ
ဝမ်းနည်း၊ အားငယ်
ပူဆွေး စိတ်ပျက် မှု့ တွေ တွေ့ ကြုံတိုင်း
ငါ့ရဲ့ ပခုံးတစ်ဖက် မင်းအတွက် အဆင်သင့်ပါကွာ.။
သူငယ်ချင်းရေ..
ကျက်သရေအပေါင်း..
လွန်ခညောင်းတဲ့ ယနေ့ ရောက်လာ
ရက်မင်္ဂလာမှာ..
ကဗျာရူး..စာရူး..မင်းခေါ်ခေါ်နေတဲ့
အရူးမလေးက..
ကဗျာတစ်ကြောင်း.စာတစ်ကြောင်းနဲ့
ဆုတောင်းသ၀ဏ်လွှာ ပို့ ပါရစေ..
ယနေ့ မှစ နောင်နှစ် ၁၂၀ တိုင်..
ရေလိုအေးလို့ ....ပန်းလိုလန်းစေ..
အောင်မြင်မှု့ အပေါင်း မြဲခညောင်းစေ..
အများအကျိုးသယ်ပိုးနိုင်စေ...
မုန်းစတို၍ ချစ်စရှည်စေ........
ငါ့ကိုအမြဲ သတိရပါစေ.....လို့ :15::15:
ံHappy birthday ပါ.သူငယ်ချင်း......။

No comments:

Post a Comment