ခွင့်လွတ်ပါ ချစ်သူ....
မကြင်နာတတ်ခဲ့တဲ့...အတိတ်နေ့ ရက်တွေအတွက်....ထာဝရ ခွင့်လွတ်ထားပေးပါကွယ်...
ဒီလိုအချိန်မှာ...ချစ်သူ့ ရင်ခွင်တစုံကို...မေ့မေ့မူးမူး...လွမ်းမက်နေခဲ့တယ်လို့ ပြောခဲ့ရင်ကော..
ချစ်သူယုံကြည်နိုင်ဦးမှာတဲ့လား...
နားခိုစရာအရိပ်တခု...ကျမအနားမှာ...အဆင်သင့်ရှိချိန်က...
နေရောင်ဟာနွေးထွေးပါတယ်ဆိုတဲ့ ........
အယူလွဲ တခုနဲ့ ...ပူပြင်းတဲ့နေရောင်အောက်မှာပဲ...ကျမ ချစ်ခြင်းကိုကျောခိုင်းလျှောက်နေခဲ့မိတာ...
ချစ်သူရဲ့ ........ရင်ခုန်သံတွေ ကိုတောင် ဟားတိုက်လှောင်ပြောင်ရင်း..."အပိုတွေပြောမနေနဲ့ "...ဆိုတဲ့ စကားတခွန်းနဲ့ ...ချစ်သူ့ ...အကြင်နာတွေကို တန်ဖိုးလျှော့ချတတ် တဲ့
ကျမ ကို ခုချိန်ထိ ချစ်သူကြောက်နေတုန်းလား ???...........
"အချစ်ဆိုတာ ညီမျှခြင်းတခုပဲ" ဆိုတဲ့သီဝရီ နဲ့ ချစ်သူရဲ့  မြတ်နိုးခြင်းတွေကိုမမြင်...အရာရာ..ယှဉ်နေတတ်တဲ့....
ကျမ မာနတွေ...
တခါတလေဆို...ချစ်သူငြီးငြီးညူညူ...ပြောတတ်တဲ့ "လွမ်းလိုက်တာ ညီမလေးရယ်" ဆိုတဲ့..
စကားကိုမကျေမနပ် တောက်ခတ်ပြီး.."ခင်ဗျား က ယောင်္ကျားမဟုတ်တဲ့အတိုင်းပဲ" ဆိုတော့လဲ...ခွင့်လွှတ်ပြုံး နဲ့ 
ချစ်သူရယ်နေတတ်ခဲ့ သားပဲ...
မေ့နေပြီလား ချစ်သူရယ်..."ကိုယ့်ရဲ့  G မလေး "ဆိုပြီး အမြဲ ခွင့်လွှတ်ခဲ့ရတဲ့ ရှင့်ရဲ့ 
ခပ်ဆိုးဆိုး ကောင်မလေး တယောက်ကို..လေ...
အင်း...မိန်ကလေး တန်မဲ့ ခပ်ပေပေနေခဲ့ မိတာ ကျမအပြစ်တဲ့လား
ချစ်သူ..လူတိုင်းမှာ..ဘယ်သူတဦးတယောက်ကိုမှ မထိခိုက်ရင်တော့လွတ်လပ်ခွင့် ဆိုတာ...ရှိသင့်တယ်
မဟုတ်လား?
လ္ဘက်ရည် ဆိုင်ထိုင်ပြီးသီချင်းနားထောင်ရ ခြင်းကို ကျမချစ်တယ်...ကျမရဲ့ ပွင့်လင်းရိုးသားတဲ့...
သူငယ်ချင်းတွေနဲ့ လွတ်လပ်စွာဆွေးနွေးရယ်မော ပိုင်ခွင့် ကို ကျမ မက်မောတယ်(သူငယ်ချင်းမှာယောင်္ကျားမိန်းမ
ခွဲခြားခြင်းမရှိဘူးချစ်သူ)...ချစ်သူကိုလဲ...ကျမဘ၀ရဲ့ တစိတ်တဒေသ အဖြစ်..ကျမ တန်ဖိုးထားတတ်ခဲ့ပါတယ်...
"မိန်းမ တယောက်ဟာဘယ်လိုနေရမယ်"...ဆိုတဲ့..ချစ်သူ့ မိခင်ရဲ့ စွက်ဖက်ပိုင်ခွင့်တွေ...ကျမတို့ ဘ၀ထဲဝင်လာခွင့်
မရှိအောင်..."ကိုယ့်မေမေ ကညီမလေးကိုတွေ့ ဖူးချင်လို့ " ဆိုတဲ့ ချစ်သူရဲ့ တခုတည်းသောတောင်းဆိုချက်ကို...
ကျမငြင်းဆန်ခဲ့တယ်... ဒါဟာအပြစ်တခုလို့ ထင်ရက်ခဲ့မယ် ဆိုရင်တော့ ကြိုက်သလောက်သာ ထပ်ဆင့်....
ဝေးပါစေတော့ ချစ်သူရယ်...
ကျမနဲ့ ချစ်သူ နဲ့ ကြားမှာ အချစ်သန့် သန့် တွေပဲရှိစေချင်ပါတယ်...မလိုလားအပ်တဲ့
ပဋိပက္ခ တွေ ၀င်ရောက်ဖို့ အချိန်မတန်သေးပါဘူးကွယ်...
"မင်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်တဲ့မိန်းမဆိုပြီးမာန်တက်တာ" တဲ့...
မထိုးနှက်ချင်ပါနဲ့ ချစ်သူရယ်...ကျမချစ်သူကို..ချစ်ခဲ့တဲ့ အချစ်တွေက...ဖြူစင်ခဲ့ပါတယ်...
ချစ်မပြတတ်တာ လေးတခုပဲ ရှိတာပါ...
ချစ်သူနှုတ်ခမ်းဖျားက ခဏ ခဏပြောပြောနေတဲ့ ..အချစ်ဆိုတာ...ဘယ်လိုအတ္တ တွေမှမပါဝင်ပါဘူး လို့ ...
ချစ်သူရဲရဲ ၀င့်ဝင့်ပြောရဲ ပါသလား ? တကယ်တမ်းလဲ ကျမဆိုတဲ့ မိန်းမက ...
လွတ်လပ်မှုကို ကိုးကွယ် တတ်ပေမယ့် အထိန်းအကွပ်မဲ့အောင် မနေတတ်ဘူးဆိုတာ...ချစ်သူ အသိခဲ့ဆုံးပါ...
"ကို သွားတော့မယ်" တဲ့ ...ဟုတ်ကဲ့..ထားခဲ့ပါ ချစ်သူ..ကျမ က မျက်ရည်တွေ ဘူးသီးလုံး လောက်ကျအောင်လဲ
လွမ်းမပြတတ်တဲ့ အရိုင်းပန်း တပွင့်ပါလေ...
ချစ်သူ အမြဲ ကောက်ချက်ချတတ်တဲ့ ခံစားချက်မဲ့တဲ့ အေးစက်စက်
မျက်ဝန်းတွေနဲ့ ...ချစ်သူကိုပဲ မော့ကြည့်နေခဲ့မိတယ်...ခေါင်းတချက်တော့ ကျမ ညိမ့်ပြ လိုက်မိတယ်..ထင်ပါရဲ့ ...
ဝေးစမ်းပါစေ..ချစ်သူရယ်...အေးစက်စက်နေတတ်တဲ့ ကျမ က...ချစ်သူအတွက်ဆို အမြဲနွေးထွေးနေတတ်တဲ့ ...
ကျမ နှလုံးသားကို ချစ်သူရဲ့ ဘယ်ဘက်ရင်ဘတ်အောက်တနေရာမှာ မြုပ်နှံပေးလိုက်ပါရဲ့ ...
လေးလေးနက်နက်
စကားတွေကို မဆိုတတ်ခဲ့တဲ့...ကျမနှုတ်ခမ်းပါးက..ချစ်သူပြန်လာမယ့်အချိန်ကာလတခုကို...သစ္စာရှိစွာ...
စောင့်မျှော် နေပါလိမ့်မယ်...
ချစ်သူ့ စကားသံတွေကို ရယ်မောရင်း...ချစ်သူရဲ့ အပြုံးတွေကိုငေးမောရင်း...
ဖြတ်သန်းခဲ့ရ တဲ့နေ့ တွေရက်တွေ...
အို...ချစ်သူရယ်...ညတွေရဲ့ အရိပ်အောက်...
အိပ်မက်တွေကိုခြေရာကောက်ရင်း ...ချစ်သူ့ ရင်ခွင်ဆီ အရောက်လာခဲ့ပါ့မယ်....
အေးစက်စက် အပြုံးနဲ့ ကျ မ ကို...နွေးထွေး တဲ့မျက်ဝန်း တစုံနဲ့ ကြိုနေပါ လှည့်ဦးကွယ်...။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment