Tuesday, October 27, 2009

တဒင်္ဂ ရူးသွပ်ခြင်း

လွမ်းတယ်ဆိုတာ
ခံရခက်တဲ့ ဝေဒနာတော့ မဟုတ်...
သတိရမိတယ် ဆိုတာလဲ
တိုက်ဆိုင်တဲ့ အချိန်ခဏလေး အတွင်းမှာပေါ့...
တစ်ခါ ထားရစ်ခဲ့ ပြီးပြီပဲ...
နောက်ထပ် ထားရစ်ခဲ့မယ်ဆိုရင်လဲ
ငါ့ရင်မှာ မချိပေမဲ့ ငါ..မမှုတော့ဘူး...
မတွေ့တာ ကြာရင်မေ့သွားမှာပါ
ရက်စက်တယ်လို့လဲ အပြစ်မတင်ရက်ပါဘူး...
တကယ်တော့...ငါ့ရင်ထဲမှာ နာကျည်းမှုနဲ့
မျက်ရည်မိုးတွေ ရွာသွန်းခဲ့ရတယ်...
ဒါလဲ အမှတ်မရှိ မင်းကိုပဲ သတိရနေမိတာ
ငါက ချစ်မိလေတော့ ၀ဋ်ရှိသမျှပေါ့...
အချိန်တန်တော့လဲ ပျောက်ကွယ်သွားမှာပါ
ဒါတွေက သဘာဝတရားရဲ့
တဒင်္ဂ ရူးသွပ်ခြင်း တွေပဲလေ...

No comments:

Post a Comment