Saturday, October 24, 2009

အပူလွန်တဲ့ ဆောင်း

အချိန်အခါတွေနှောင်း
ရာသီတွေအလီလီပြောင်း
ရင်ထဲက ဒဏ်ရာတောင်
မဟောင်းသေးပါ…ချစ်သူရယ်…

ငါ့နှလုံးသားကို ဆူးဖိနပ်နဲ့ 
နင်းချေခဲ့တဲ့ မင်းရဲ့ ခြေရာ
တစ်လှမ်း လှမ်းလိုက်တိုင်းမှာ
စူးနစ်ဝင်သွားတဲ့ ဒဏ်ရာ
အနာမပျောက်သေးပါ ... ချစ်သူရယ်…

အပူလွန်တဲ့ ဆောင်း….
တောက်လောင်နေတဲ့ ရင်ဘတ်ထဲ….
အလွမ်းမီးတွေ… ငြိမ်းသတ်ပေးပါလော့…
မြူးခိုးတငွေ့ ငွေ့  နှင်းတဖွေးဖွေးနဲ့ …
အေးမြတဲ့ဆောင်း…ခိုအောင်းလှည့်ပါ…. ချစ်သူရယ်….

မျှဝေရန်

No comments:

Post a Comment