Sunday, October 25, 2009

ကူညီပေးကြပါနော်။

အချစ်ဆိုတာ ရင်တွင်းထိုးဖောက် သံယောဇဉ်အပင်တွေ ပေါက်စေတယ်။ အချစ်နဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ သံယောဇဉ်ဟာ ဘယ်လိုမှ ဖြတ်လို့မရတော့ဘူး။ အဲ့ဒီ အချစ်ရဲ့ သံယောဇဉ် အပင်တွေဟာ အမြဲထာဝရ ရှင်သန်နေလိမ့်မယ်။ ကိုယ့်ရင်ထဲမှာလဲ ခိုင်မြဲတဲ့ အချစ်ရဲ့ သံယောဇဉ်အပင်တွေ ပေါက်နေပြီလေ။ စဖြစ်ပေါ်တုန်းကတော့ သူနဲ့ကိုယ်ရဲ့ အချစ်မြေသြဇာ တွေနဲ့ပေါ့။ နောက်မှသာ သူနဲ့ကိုယ့်ကြားမှာ မာနဆိုတဲ့ အဖျက်ပိုးတစ်ခုဝင်လာပြီး အခုတော့ အဲဒီအပင်တွေဟာ အသည်းကွဲသူ တစ်ယောက်ရဲ့ ရင်ထဲက အသည်းကွဲပင် တွေ အဖြစ်ဆက်လက်ရှင်သန်နေရပြီပေါ့။ အဲဒီအပင်လေးကို အသည်းကွဲပင်လေးမဖြစ်စေဘဲ အချစ်တွေနဲ့ ဝေဆာဖူးပွင့်နေတဲ့ အပင်လေးဖြစ်အောင် သူငယ်တို့ ကူညီပေးနိင်မလား......................?

No comments:

Post a Comment