Friday, October 30, 2009

နင့်ကိုဘယ်သူပိုင်တာလဲ

နေ့နေ့ညည မေ့မရခဲ့ပါဘူး တကယ်ဆို
ငါတို့လမ်းခွဲဖို့သင့်ပြီပဲနော်
မေ့ပစ်လိုက်ဖို့ကြိုးစားတိုင်း တိုးတိုးပြီး သတိရနေတဲ့
ငါ့စိတ်တွေကိုမုန်းလိုက်တာ
မမျှော်လင့်တော့ဘူးဆိုကာမှ သူလည်း ကိုယ့်လိုများ
သတိရနေမလားဆိုတဲ့ ခပ်ကြောင်ကြောင်အတွေးတွေကြောင့်
နင်နဲ့ဝေးရာကို ဘယ်လိုပဲရှောင်ပုန်းချင်ပေမယ့် မသွားနိုင်တဲ့
ငါ့ခြေထောက်တွေကိုလည်း မုန်းတယ်
ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးရတဲ့ ဘ၀ကြီးမှာ
ငါဘာများတတ်နိုင်ဦးမှာလဲ ချစ်သူရယ်
မင်းမရှိတဲ့ အချိန်ကစပြီး ပျော်စရာတွေ ပျောက်ဆုံးသွားတဲ့
မနက်ဖြန်တွေကို အန်တုကျော်လွှားရင်းနဲ့
ဒါဟာ ၀ဋ်ကြွေးတစ်ခုဖြစ်ခဲ့မယ်ဆိုရင်
ဒီဘ၀ဒီမျှနဲ့ပြီးပါစေတော့ ချစ်သူရယ်

No comments:

Post a Comment