Sunday, October 25, 2009

အချစ်ကျေးကျွန် ( သို့ ) မေတ္တာနယ်လွန်

အိပ်ပျက်ညတွေ
နှိပ်စက်ပြန်ပြီ
လက်ချိုးမရ
ညပေါင်းများစွာ
မရေတွက်နိုင်ခဲ့....
အချစ်ဦးမို့
ရူးရမလောက်
ဖြစ်ရသည်ပဲ
ဆိုစေအုံးတော့...
ငါကိုယ်တိုင်ပဲ
ကျေနပ်မိအောင်
ကြိုးစားနေရဲ့....
ချစ်ဦးဖြစ်၍
ရင်ထဲ၌လည်း
ထာဝရ မမေ့....
ရက်ရှည် ခညောင်း
ရက်အပေါင်းတို့
ကုန်လွန်ခဲ့လဲ
လက်ချိုးရေ၍
မျှော်နေမိ၏....
ဟန်ဆောင်မရ
တမ်းတစိတ်ဖြင့်
ပူပန်မိ၍
လွမ်းရင်းနဲ့ပဲ
တိတ်တဆိတ်သာ
ကြေကွဲနေ၍
ငါ........ သစ္စာစောင့်ပါ၏....။

No comments:

Post a Comment