Friday, October 30, 2009

နှစ်သိမ့်ဆု

ချစ်သူ။။။
မင်းပေးခဲ့တဲ့ နှစ်သိမ့်ဆု
အလွမ်းဆိုတဲ့ ဝေဒနာ
ငါ့ ရင်ကို မြှားလိုဆူး
ရင်တွေလည်း ပူလှပါပြီ....
နှလုံးသား သစ္စာ
ရင်ခုန်တာ နင်မသိပေမဲ့
နင်သိအောင်လည်း မပြောလိုပြီ...
ဝေဒနာ မမြင်နိင်တဲ့...မင်း...
ဗလာကျင်းတဲ့ နင့် နှလုံးသားမှာ...
ငါအတွက် အချစ်ဆိုတာ....
တကယ်တော့ ဗလာနတ္ထိတဲ့..လား..ချစ်သူ...
ဘာဖြစ်ဖြစ်...ချစ်သူ။။
နင်သွားမဲ့လမ်းမှာ...
ငါ့နှလုံးသားနဲ့ ရင်း...

ငါ့ဘ၀ကြီးကို ချနင်းသွားရင်တောင်...
ငါ့နှလုံးသွေးနဲ့ ရှင်သန်
နင့်ဘ၀လေး လန်းနေစေရမယ်....

No comments:

Post a Comment