ချစ်သူရေ.............
မင်းနှုတ်ခမ်းက
ပြောခဲ့ဖူးတဲ့
ချစ်တယ်ဆိုတဲ့စကားကြောင့်
ငါ့ဘ၀မိုးကောင်းကင်မှာ
ကြယ်တာရာတွေ လင်းလက်လို့
ငွေလမင်းကြီးက
အစွမ်းကုန်သာခဲ့ဖူးတယ်.........
ချစ်သူရေ...........
မင်းနှုတ်ခမ်းက
ပြောခဲ့ဖူးတဲ့
လမ်းခွဲစို့ ဆိုတဲ့စကားကြောင့်
ငါ့ဘ၀မိုးကောင်းကင်မှာ
ကြယ်တာရာတွေ ပျောက်ဆုံးလို့
ငွေလမင်းကြီးလည်း
တိမ်တွေဖုံးခဲ့ဖူးတယ်.........
ချစ်သူရေ............
ကြယ်တာရာတွေ
လင်းလက်သည် ဖြစ်စေ
ပျောက်ဆုံးသည် ဖြစ်စေ
ငွေလမင်းကြီး
အစွမ်းကုန်သာသည် ဖြစ်စေ
တိမ်ဖုံးသည် ဖြစ်စေ
ငါကတော့... မင်းကို
မပြောင်းလဲတမ်း
ချစ်နေဦးမှာပါ
ဖြူစင်စွာနဲ့ပေါ့.............
Subscribe to:
Post Comments (Atom)
No comments:
Post a Comment