
နင်နဲ့ ငါ ပျိုးခဲ့တဲ့ သစ်ပင်ဟာ
ဒီခုံတန်းလေးပေါ်မှာပေါ့
ငါရှိနေသ၍ ပန်းပွင့်တယ်
ငါပျော်နေတဲ့အမျှ .....
ဒီပန်းပွင့်လေး လှခဲ့တယ်
ငါ သက်ပြင်းရှိုက်မိတဲ့အချိန်မှာ
သစ်ပင်လေးခမျာ .....
နွမ်းသွားရရှာတယ်လေ .....။
အခုတော့ .........
ငါတို့ ပျိုးခဲ့တဲ့အပင်
ယိုင်ကာရွဲကာ ပြိုလဲကျတော့
ဝေနေတဲ့  ပန်းပွင့်တွေလည်းကြွေ…
ရင်ခုန်သံတွေလည်းပျောက်ကွယ်
အရွက်လည်းကြွေ အပင်လည်းသေ…
ခုံတန်းလေးလည်း ပျက်နေရောပေါ့ ။
ငါလည်းလေ .............
ရှင်လျှက်နဲ့ ရင်လှိုက်သံမကြား
အပြုံးမပျက် မျက်နှာနဲ့ ငိုကြွေးနေတဲ့...
နှလုံးသားတစ်စုံပါ….. ချစ်သူ ။ ။
No comments:
Post a Comment