Monday, October 26, 2009

မောင်

မောင်...
ကျွန်မရင်ထဲက
အကြင်နာမှန်သမျှ
ဘယ်သူ့ရည်ရွယ်သလဲ
မောင်သိချင်ပါသေးရဲ့လား


မောင်...
ကြာလာရင်
မေ့နိုင်မယ်ထင်ခဲ့ပေမယ့်
ချစ်ပြီးရင်
မမုန်းတက်တာတော့
အပြစ်မမြင်ပါနဲ့


မောင်...
ကျွန်မက
မိန်းမသားပါ
မျက်ရည်ဓားစာခံထိုး
မုသားတွေနဲ့တော့
ဘယ်တော့မှ
မချည်နှောင်ရက်ခဲ့တာ
အချစ်မဲ့သူလို့
ယိုးစွပ်မလား



မောင်...
တကယ်လို့များလေ
ကျွန်မထက်ချစ်နိုင်မယ့်လူများ
ရှာချင်သေးရင်
ရှာကြည့်ပါကွယ်
အချစ်ခြင်းတော့
တူနိုင်မယ်
မထင်ပါဘူး


မောင်...
နှစ်သိမ့်သလို
မုသားတွေစာဖွဲ့
သကာလိုချိုတဲ့
မာယာစကားများ
ကျွန်မကို
လွမ်းတယ်တဲ့လား
သြော်
မောင်ရယ်
မောင်လွမ်းတယ်ဆိုတာ
ကျွန်မ
တစ်ချက်သတိရရုံပဲရှိတာပါ



မောင်...
ရင်ထဲမမြင်တတ်တဲ့ချစ်သူရယ်
တကယ်ချစ်ခဲ့သူကို
အပြစ်တွေတင်ပြီး
အပြစ်မြင်ခဲ့ရင်တောင်
တခါတုန်းက
ချစ်တယ်ဆိုတဲ့
နေ့ရက်တွေကို
စာနာပေးနော်

No comments:

Post a Comment