*** နင်ငါ့အပေါ် မကြင်နာနိုင် ၊ ဂရုမစိုက်နိုင်တော့လို့
ငါ့ကိုထားခဲ့လည်း ၊ ငါမလွမ်းပါဘူး ....
သူ့ကိုယ်သူထက် မိသားစုကိုပိုပြီး ဂရုစိုက်တတ်တဲ့
ငါ့ရဲ့ ဖေဖေ ရှိတယ် ...
*** ငါစိတ်မပျော်ဘူးဆိုတာကိုမသိဘဲ ငါ့အပေါ်ဒေါသထွက်ပြီး
နားလည်မပေးနိုင်တဲ့နင့်ကို ၊ ငါမလွမ်းပါဘူး
င့ါရဲ့ ပုံစံကိုကြည့်ပြီး င့ါရဲ့စိတ်ကိုအမြဲသိတဲ့
ငါ့ရဲ့ မေမေရှိတယ် ....
*** ငါစကားပြောမှားတိုင်း ငါ့ကိုအပြစ်တင်တတ်တဲ့
နင့်ကိုငါမလွမ်းပါဘူး ..
ငါဘာပြောပြော စိတ်ရှည်ရှည်နဲ့ နားထောင်ပေးမယ့်
ငါ့ရဲ့ ညီမလေးရှိတယ် ....
*** အမြဲတမ်းလိုလို တလွဲတွေပြောတတ်တဲ့
နင့်ကို ငါ မလွမ်းပါဘူး
ငါ့အပေါ် သည်းခံတတ်တဲ့
ငါ့၇ဲ့မောင်လေး ၇ှိတယ် ....
*** ငါ့ကိုစိတ်ညစ်အောင် လုပ်တတ်တဲ့
နင့်ကို ငါ မလွမ်းပါဘူး
ငါ၇ှိနေ၇င်ပျော်နေတတ်တဲ့
ငါ့၇ဲ့ သူငယ်ချင်းတွေ၇ှိတယ် .....
*** ကိုယ့်ကိုကိုယ်သူ၇ဲကောင်းတစ်ယောက်လိုနဲ့
ငါ့ကိုထားခဲ့ပြီး အသစ်တစ်ယောက်နဲ့ ပျော်နေတဲ့နင့်ကို မလွမ်းပါဘူး
နင့်ကိုသိ၇မိတိုင်း နာကျင်နေ၇တဲ့
နင့်ကိုချစ်တဲ့ င့ါ၇ဲ့ နှလုံးသားတစ်စုံရှိတယ် .....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment