Thursday, October 15, 2009

နှလုံးသား(ဇရပ်)ငယ်

မဖိတ်ခေါ်ပါဘူး
ငါ့ ဘ၀ထဲကို
နည်းအမျိုးမျိုးနဲ့ သာ
ဝင်လာတတ်ကြတာပါ.........
ငါမလုပ်ခိုင်းပါဘူး
ငါ့ နှလုံးသားစာမျက်နှာတွေမှာ
စိတ်ကြိုက်ထင်ရာ
ရေးသွားတတ်ကြထာပါ .........
ခွင့် လည်းမတောင်းပါဘူး
အချိန်တန်တော့ ပြန်ချန်ပြန်ကြတာလေ.........
ငါ့ နှလုံးသားကို
ဝင်ချင်တိုင်းဝင်
ထွက်ချင်တိုင်းထွက်တဲ့ ကာလ
ဘယ်သူနဲ့ များပြီးဆုံးမလဲ...........
ငါမျှော်လင့် ရင်း
စောင့် စားရင်း
တွေးတောရင်းပေါ့  .......................

No comments:

Post a Comment