ချစ်သူရယ်..
မင်း ကပဲ ညှို့နိုင် စွမ်းတာလား
ကို ကပဲ စွဲလမ်းတတ်တာလား
ပန်းကလေးတွေ မနေတတ်
စမ်းကလေးတွေ အမြင်ကတ်အောင်
ကမ္ဘာကြီးလဲ ကွယ်ပျောက်လို့
ငါ့ အာရုံမှာ မင်းတစ်ယောက်တည်း ရှိခဲ့တာပါ
ချစ်သူရယ်...
မင်း ကပဲ လျှို့ဝှက်နိုင်တာလား
ကို ကပဲ အသည်းနုတာလား
လမင်းကြီးလဲ ပြေးပုန်း
ကြယ်ပွင့်လေးတွေ ရှက်ပြုံးတဲ့ အထိ
အနမ်းလေးတွေ တောင်လိုပုံလို့
မင်းအချစ်ကို ငါယုံခဲ့တယ်လေ
အခုတော့...
မင်း ကပဲ ရက်စက်နိုင်တာလား
ကံကြမ္မာကပဲ ဖျက်ခဲ့တာလား
ဘာကိုမှ မသိနိုင်တော့အောင်
မှောင်မည်းနေတဲ့ အနာဂတ်နဲ့
ရွဲ့စောင်းနေတဲ့ လောကကြီးထဲမှာ
သေချာတာ တစ်ခုကတော့
( ငါလေ..မင်းရဲ့ခြေရင်းမှာ )
အခမ်းနားဆုံး ... ကျရှုံးခဲ့တယ် ဆိုတာပါပဲ...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment