မဆုံဆည်း ခဲ့လေတဲ့ အဖြစ်
ဘယ်သူ့ကိုမှ အပြစ်မမြင်
ရင်နာကြေကွဲ လွဲထိုက်လို့ပဲ မှတ်ပါ့မယ်...
မကြင်နာသူက မင်း
စိမ်းသမျှရင်မှာ
အပူအင်အား ငြှိမ်းမရပေမဲ့
စိတ်ထိန်းကာ မျက်ရည်ဝဲ
တသိမ့်သိမ့် ရှိုက်ကာ စိတ်ကိုဖြေ
နွေဆိုတဲ့ နိယာမ
သဘာဝလို့ ပဲ မှတ်လိုက်မယ်
ဘာပဲ ဖြစ်ဖြစ်
ချစ်၍ချစ်ကာ ချစ်လာပြီးမှ
ထွက်သက်နောက်ဆုံး
လွမ်းနေတုန်းမို့
နောက်ဆုံးတစ်ခု
တောင်းဆုပြုမယ်
ယခုဘ၀ တခုတည်း
ဝေးရပါစေသား...
Subscribe to:
Post Comments (Atom)
No comments:
Post a Comment