သြော်...........
မထင်မှတ်တဲ့အချိန်
မထင်မှတ်တဲ့နေရာ
မထင်မှတ်တဲ့ပုံစံနဲ့
ငါ့နှလုံးသားကို
လှုပ်နှိုးကာ
အချစ်ဆိုတာကို
သိလာအောင်သင်ပေးခဲ့တဲ့.............. ချစ်သူ
ခုတော့လဲ
ပြောခဲ့ဖူးတဲ့စကား
ပေးခဲ့ဖူးတဲ့ကတိတွေကို
မေ့ပျောက်လို့
ငါ့ကိုရက်စက်စွာ
ထားခဲ့ပြီပေါ့..........
တစ်ကယ်တော့ငါဟာ
မဖြစ်နိုင်တဲ့
ဇာတ်လမ်းတစ်ပုဒ်ကို
မိုက်မဲစွာ
အသက်သွင်းဖို့
ကြိုးစားခဲ့မိသူပါ............
ဒါပေမယ့်......... ကောင်လေးရယ်
မင်းကိုချစ်ခဲ့မိလို့
နောင်တဆိုတာ
ငါ့ဘ၀မှာ
ဘယ်တော့မှရှိမလာစေရဘူး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment