Tuesday, October 20, 2009

ကောင်လေး သို့ ...................

ကောင်လေးရေ..............
မင်းကိုလေ ကောင်းကင်ထဲ ကမိုးစက် တစ်ပွင့်လို မျှော်လင့်စွာ ရူးမက်ခဲ့ရသူပါကွာ။
ကောင်လေးရေ..............
ပူပြင်းခြောက်သွေ့ နေတဲ့ ကန္တာရကြီးလို
ကိုယ့်ဘ၀ကို ချိုမြိန်အေးမြတဲ့ မေတ္တာရေတွေ
ပက်ဖြန်းပေးခဲ့တဲ့ ကောင်လေး ကိုတွေ ခွင့်ပေးခဲ့ တဲ့ရေစက် လေးအတွက် ကျေးဇူးပါကောင်လေး။
ကောင်လေးရေ..............
မျှော်လင့်ချက်တွေမပေးခဲ့ပေမယ့်
မျှော်လင့်တတ်ခဲ့တဲ့ ငါ့ ရဲ့စိတ်က
ကောင်လေးအပေါ်မှာ သိပ်ချစ်မိသွားလို့ ပဲ ထင်တယ်နော်။
ကောင်လေးရေ...............
ရာသီမဲ့ အိပ်မက်ဆိုးတွေနဲ့  နိုးမထရဲတဲ့အခါ
မှောင်နက်မဲ နေ့ စွဲတွေကြားေ၀၀ါးနေတဲ့အခါ
တစ်ခုတည်းသော ဆုတောင်းက ကောင်လေးရဲ့ 
အားပေးတဲ့ စကားသံလေးပါ။
ကောင်လေးရေ...............
ငါ့ဘ၀ မှာ မင်းမရှိရင် ဘယ်လိုမှမဖြစ်သလို
အခြားဘယ်သူ့ ကိုမှ ထပ်မချစ်နိုင်တော့ဘူး လို့ သေချာသွားတဲ့နေ့ က
ကောင်လေး ငါ့ကြောင့်မျက်ရည်ကျတဲ့ နေ့ ပါပဲ ကောင်လေးရယ်။
ကောင်လေးရေ...............
မဖြစ်နိုင်မှန်း သိသိကြီးနဲ့ ဝင်ကမိတဲ့ ဇာတ်လမ်းကို အဆုံးသတ်လိုက်ချင်ပေမယ့်
ငါ့ရင်ထဲ မှာ အမြစ်တွယ်နေပြီဖြစ်တဲ့
အချစ်ကင်ဆာလေ ကောင်လေး၊
ကောင်လေးရေ...............
ဟောင်းနွမ်းခြင်းအတိတ်တွေ ဖိတ်ခေါ်နေမယ့် အစား စိတ်ပျော်ရာ အရိပ်တစ်ခုအောက်မှာ
အဆိပ်အတောက်တွေ(ထာဝရ) ပြေပျောက်နေစေဖို့ 
ရှောင်ကွင်းသွားဖို့ မေ့ထားရင်း အမှောင်ထဲမှာဘဲ
ဆက်လျှောက်ခြင်မိသူပါ ကောင်လေး။
ကောင်လေးရေ...............
တိုင်းတပါးမှာ ပညာသင်ရင်း ၊ စာကျက်ရင်း၊
နိုင်ငံတာဝန်ထမ်းဆောင်ရင်းနဲ့  အားငယ်မှု့ တွေ
စိတ်ပျက်မှုတွေ ကြုံတွေ့ ရတဲံ့ အခိုက်အတန့့် တွေမှာ သတိတရ ရှိနေပေးပါလား။
ကောင်လေးရေ............
အောင်မြင်မှုတွေနဲ့ တာဝန်တွေပြီးဆုံးလို့  ကောင်လေးပြန်လာမယ့်တစ်နေ့ မှာ
ပန်းစီး ဆက်ပြီးကြိုဆိုနေခွင့် မရတော့ပေမယ့်
မင်းအတွက် အသက်ဆက်ရှင်သန်မှုရဲ့ တန်ဖိုး တစ်ခုအဖြစ် မျှော်လင့်ချက်စစ်စစ်တွေ အမြတ်တနိုးပျိုးထောင် မိခဲ့တဲ့ နောင်တမဲ့
ချစ်ခြင်းတွေ နဲ့ အဆုံးထိ ဆက်ချစ်နေရင်း
နာကျင်ကြေကွဲ ငိုကြွေးရင်းနဲ့ 
ဖုန်းထဲကပဲ နုတ်ဆက်မယ်လေ.........
ကောင်လေး အမြဲပျော်ရွင်ပါစေ လို့ .......။

No comments:

Post a Comment