ငါ့ရင်ခုန်သံ
ပုံမှန်မဖြစ်ခဲ့တာ
အချစ်တစ်ခုတည်းကြောင့်တော့
မဟုတ်ဘူး
နှလုံးသားအပါအ၀င်
အရာအရာတိုင်းကို
အဆုံးမရှိပေးဆပ်ခဲ့ပေမဲ့
အရှုံးတွေ ပြည့်နှက်နေတဲ့
ဒဏ်ရာတစ်ချို့သာ
ပြန်ရခဲ့တယ်လေ။
ဒါပေမဲ့လည်း
ချစ်သူသာပေးရင်
အမုန်းတွေဖြစ်ပါစေဦး
အပြုံးမပျက် ယူပါ့မယ်
အလွန်ဆုံးတော့
ငါ့နှလုံးသား
ကျရှုံးသွားရုံပေါ့။
တကယ်တမ်းကျတော့
ချစ်ရသူအတွက်ဆိုရင်
ငါ့ရင်ခွင် နာကျင်နာပါစေတော့
ချစ်ခြင်းတွေ မင်းကြောင့်ပြိုလဲသွားရင်တောင်
အမုန်းတွေ အစားထိုးဖို့
ငါကိုယ်တိုင် ခွင့်မပြုပါဘူး။
တစ်ခုသာတောင်းဆိုပါရစေ
ငါ့ချစ်ခြင်း တကယ့်ကို
အပြစ်ကင်းကြောင်း
မင်းသိပေးရင်
ရင်ထဲမချိပေမဲ့
ငါကျေနပ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment