Thursday, October 15, 2009

မမေ့ချင်သူ

မမေ့ ရက်ပါဘူး
အသည်းဦးမှာ
သူသာသခင်သူသာဘုရင်ဆိုတော့ 
ခေါင်းမော့ ပြီးရှောင်ပေးရအောင်ကလဲ
ဒို့ ကမဝေးသေးဘူးထင်တာပဲလေ ........
မဖြေသာစခန်း
နွေကဗျာလမ်းမှာ
ကြွေလာမယ့် ပန်းလေးတွေနင်းရမှာ
ငါ့ အသက်သေမှာထက်ကြောက်ပါတယ် ........
ရွက်ကြွေတောမှာ
အရှက်ပြေပြောရမယ့် 
လွမ်းစကားတွေလဲ
နှုတ်ခမ်းပါးကမသီကြားရက်ပါဘူး ....
မမေ့ ဘူးရယ်ဆိုပေမယ့် 
အတွေ့ ထူးတွေနဲ့ တွယ်ညိခဲ့ ရင်
နှောင်းခဲ့ တဲ့ ချစ်သူဆိုတာ
ဘယ်မှာရှိဦးမှာလဲ .......
အကြောင်းကံမပေးလို့ 
ပေါင်းရန်ဝေးရပေမယ်
့မတွေ့ ရရင်နေပါစေ
မမေ့ ပါရစေနဲ့ ချစ်သူရယ် .........

No comments:

Post a Comment