အရာရာဟာ အမှတ်ရစရာတွေ ဆိုရင်
မင်းယုံနိုင်ပါ့မလား ချစ်သူ...
မင်းနဲ့ ဝေးနေတဲ့အချိန်
တမ်းတတဲ့ သီချင်းတွေ သီဆိုဆဲမှာ...
ငါ့နှလုံးသားတွေ ကြေကွဲရတယ်ဆိုရင်
ချစ်သူ ယုံနိုင်မှာလားကွယ်...
မင်းကို အရာရာ ပေးဆပ်နိုင်ဖို့
ငါ ကြိုးစားဆဲမှာပဲ နှလုံးသွေးတွေ အေးခဲ...
ရင်ခုန်သံတွေ ရပ်တန့်ခဲ့တယ် ချစ်သူ...
မင်းယုံနိုင်ပါ့မလား..တကယ်ပါ
စိတ်ကူးယဉ် အိမ်မက်တွေကို
ပီပြင်အောင် အသက်သွင်း...
ကြိုးစားရင်းနဲ့ ငါလေ
ရင်ခုန်သံတွေ ပျက်သုဉ်း
နာရီတွေ ကုန်ဆုံးလဲ
အသစ်မမြင်ခဲ့
မင်းကိုပဲ ချစ်နေလျက်ပါ
ချစ်သူရာ.....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment