Friday, October 23, 2009

လှည့်မကြည့်နဲ့

လေစိမ်းတွေတိုက်တော့
နှလုံးသားကဆတ်တယ်
ပြန်မပြောနဲ့နားလည်တယ်
သွေဖယ်မှုအတွက်ဒူးထောက်နေလည်းအပိုပဲ

လှည့်မကြည့်နဲ့စိတ်ကုန်တယ်
နင့်ကြောင့်ငါ့နှလုံးသားတောင်
မာယာတွေများပြီး
တံခါးပိတ်သွားပြီ

ငိုမနေနဲ့
ချစ်တတ်တဲ့စိတ်နဲ့
စဉ်းစားတတ်တဲ့အသိက
မျက်ရည်တွေကို
မသနားတော့ဘူး

သွားတော့
လမ်းခွဲခြင်းမှာ
မုန်းတီးမှုတွေမပါခင်
နှုတ်ဆက်လိုက်ပါတယ်
တသက်စာ....................

No comments:

Post a Comment