Thursday, October 15, 2009

အမုန်းမဲ့

#သတိရပါတယ်
ကြွေလွင့်ခဲ့ရတဲ့မျက်ရည်တွေရယ်
အလွမ်းတွေပြည့်သိပ်နေတဲ့
ရင်ခွင်တစ်ခုရယ်
နင့်ကိုဆို
ဘယ်တော့မှ
မမုန်းတီးမိတဲ့ငါ့အချစ်တွေရယ်
နင်ပေးတဲ့အချစ်ဆိုတဲ့
မာယာတွေအောက်
ငါဂုဏ်ယူနေမိတယ်


#နင်ပြောတဲ့
ဲ့နားလည်မှု့ဆိုတဲ့ဆင်ခြေတွေအောက်
ဥပေက္ခာတရားဆိုတာ
ငါနားလည်ပေမယ့်
နင်ပေးတိုင်းလည်း
ငါကျေနပ်ခဲ့တယ်


#ချစ်သူရေ
ဥပေက္ခာတရားဆိုတာ
ပေးတဲ့လူအတွက်လွယ်ပေမယ့်
လက်ခံရတဲ့လူအတွက်တော့
ကမ္ဘာပြိုတဲ့နေ့
အချစ်မသိတော့တဲ့အချိန်


#လောကကြီးရဲ့
အမှန်တရားက
ဖြစ်တည်ပြီးပျက်သုန်းတာက
ဓမ္မတာတဲ့
ငါ့ရင်ထဲမှာတော့
ဖြစ်တည်ပြီးပျောက်ပျက်မသွားခဲ့တာ
နင့်ကိုချစ်တဲ့အချစ်တစ်ခုပါ


#ရေပေါ်မှာပုံဆွဲရင်တောင်
လှိုင်းထဦးမယ်
ငါလေ
ိနင့်ကိုဘယ်လောက်ချစ်တယ်ဆိုတာ
နင်သိနေပေမယ့်
မစာနာတတ်ခဲ့တာ
ရင်ထဲကိုမမြင်တတ်ခဲ့တာတွေ
ငါအရမ်းနာကြည်းပါတယ်


#ဒါပေမယ့်
နင့်ကို
မုန်းဖို့
ငါအသက်မရှင်ချင်ဘူး
တသက်တာအတွက်
တပတ်လောက်တိုးချစ်နေဦးမယ်

No comments:

Post a Comment