Thursday, October 15, 2009

မလာချင်ပါနဲ့

ဌက်ကလေးတွေ တေးသီသံတွေမှာ
ငါမပျော်ဝင်တော့ဘူး
စမ်းချောင်းရေစီးသံကလည်း
နားထောင်ရခက်လိုက်တာ
လောကကြီးက ငါဘယ်မှာဆိုတာ
မေးမြန်းနေလေရဲ့ကွယ်
ငါလည်း.....................
အမှောင်ခန်း အသည်းကွဲထောင့်နေရာ
အလွမ်းကဗျာတွေ ရေးဖွဲ့မိရှာ
မင်းပုံရိပ်တွေ ငါ့စိတ်ကူးအတွေးတွေက
ွှအရမ်းဆေးမှီနေတော့
ကျေးဇူးပြုပြီး နင်မလာပါနဲ့လို့
ငါလွှတ်ခနဲ ပြောလိုက်ပြီလား ချစ်သူ................
အလွမ်း..အလွမ်းပြေတော့
ငါ့ဆီကနေ ခဏခဏ ရှောင်ထွက်ပြေးသွား
ဒီလူဘာခံစားရသတုန်း
နင်နှုတ်က ပြောထွက်ခဲ့လို့လား
နင်သိလို့လား?
တယောက်ယောက်အတွက် နင်ဝမ်းနည်းကြေကွဲမှုတွေက
မိုးခြိမ်းသံထက် ငါ့ပေါက်ကွဲတတ်တာ
ငါ့အခန်းလေးက သက်သေပါ
စေ့ထားတဲ့ ငါ့နှလုံးသားတံခါးက
နင့်တစ်ယောက်အတွက်ဆိုပေမယ့်
အပြီးဝင်မလာချင်သေးဘူးဆိုရင်တော့
ထပ်မလာပါနဲ့တော့လား ချစ်သူရယ်......................

No comments:

Post a Comment