Friday, December 4, 2009

“ချစ်ခြင်းရဲ့ မနက်ဖြန်”

ချစ်သူရယ်
ခဏတာဝေးနေရတဲ့
ခွဲခွာချိန်တွေ မျက်ကွယ်ပြု
ဆုံဆည်းမယ့် နေ့ရက်တွေ
တိတ်တဆိတ် မျှော်လင့်ရင်း
ရင်ထဲက တမ်းတနေပါတယ် ...

ဒီဇင်ဘာ ရောက်စပြုလို့
မြူနှင်းတွေ ဝေတဲ့ မြို့မှာ
အထီးကျန်စွာ လွင့်မျောရင်း
နှလုံးသားက အလွမ်းသီချင်းတချို့
အက်ကွဲလျက် သီကျူးနေပါတယ် ...

အတူပျော်ခဲ့ဖူးတဲ့ ကြည်နူးချိန်တွေ
တမြေ့မြေ့ လောင်ကျွမ်းမှောင်မိုက်
အိပ်မက်ဆိုးများ အကြိမ်ကြိမ် နှိပ်စက်လို့
အပြာရောင်ခြယ် ကောင်းကင်လည်း
အုံ့မှိုင်းလို့ နေပြီ ...

ဒို့နှစ်ယောက် ပြန်ဆုံချိန်တွေ
ရှင်သန်ခွင့် ရခဲ့ရင်တော့
သစ္စာတရားတွေ ခိုင်ခိုင်မြဲလို့
ချစ်ခြင်းရဲ့ နေ့ရက်သစ်တွေ
ထာဝရ ချိုမြိန်နေမှာပါကွယ် ... ။

No comments:

Post a Comment