Friday, December 4, 2009

“ခိုနားရာမဲ့ နှလုံးသား”

အမှတ်မမထင် ပြန်ဆုံခွင့် တချို့တ၀က်
ငါ့ရင်မှာ ထင်ဟပ်လာပေမယ့်
မင်းနှလုံးသား အတွင်းစိတ်များ
တခြားသူရဲ့ နယ်နမိတ်ထဲက
ရုန်းမထွက် နိုင်ခဲ့တော့ ....

ရှေ့ဆက်တိုးမယ့် ငါ့အချစ်တွေ
လမ်းခုလတ်မှာ အထီးကျန်စွာ ရပ်တန့်
ကြေကွဲရင်း ကျဆုံးရမယ့်
သန့်ရှင်းတဲ့ သံယောဇဉ်ကို
ဘယ်ဆီမှာ သိမ်းထားရမလဲ ...

ကောင်လေးရယ် ...
ရင်ခွင်ဟောင်းရဲ့ ကောင်းကင်မှာ
အမုန်းရင့်ရင့်မိုးတွေ ရွာသွန်းလို့
ခိုကိုးရာမဲ့ နှလုံးသားပိုင်ရှင်ကို
ဘယ်တော့များမှ နားလည်နိုင်မလဲကွယ် ... ... ။

No comments:

Post a Comment