ငါ့ကိုတချက်မှ
ငဲ့မကြည့် တဲ့  မင်းရဲ့ နောက်
တကောက်ကောက်လိုက်နေချင်နေမိ. . .။
ငါ့ကို တခါမှ
ကြည်ကြည်သာသာမရှိတဲ့ 
မင်းရဲ့ နှလုံးသားကို
နှစ်နှစ်ကာကာ ချစ်နေမိ. . .။
သိပ်ချစ်ရတဲ့ ပုံရိပ်လေး. . .
ညိုးနွမ်းသွားမှာ စိုးလို့ သာ
အရာရာ ဆန့် ကျင်ပြီး
ငါ့နှလုံးသားကို တိတ်တဆိတ်နဲ့ 
မြိုသိပ်ခြင်း အတ္တထဲ . . .ရက်စက်စွာ
မြှုပ်နှံထားမိတာပါ. . .။
No comments:
Post a Comment