Friday, December 4, 2009

ဒဏ်ရာပြင်းပြင်းတစ်ခွက်

အချိန်တွေက တိမ်တိုက်တွေလို
ပြောင်းလဲနေခဲ့
ရင်ခုန်သံ ခပ်ပြင်းပြင်းနဲ့
ဖျော်စပ်ထားတဲ့ ချစ်ခြင်းတစ်ခွက်ကလဲ
အေးစက်စက်နဲ့
အတိတ်ရဲ့ ဒဏ်ရာတွေက
လတ်လတ်ဆတ်ဆတ်
ငါ့ရဲ့ဝေဒနာတွေကို တူးဆွနေခဲ့
အချိန်ကာလရဲ့ ၀ါးမျိုမှုအောက်မှာ
အနာကျက်မယ်လို့ မျော်လင့်ရင်း
ငါ……..
ကြေကွဲတတ်နေပြီ

No comments:

Post a Comment