တစ်မျိုးစီနဲ့ချစ်ခဲ့ကြတယ်
လျှောက်လှမ်းခဲ့တဲ့ နေ့သစ်တစ်ရက်
လွတ်လပ်စွာ ရင်ခုန်ရင်းနဲ့
မပျော်ရွှင်မှန်းတော့ သိခဲ့တယ်............။
ဒါပေမယ့် ရိုင်းမသွားဘူး ။
ရင်ခုန်ခြင်းအတွက်တောင်းပန်ခြင်းတစ်ရပ်
သူဟာနဲ့သူ အထာတော့ကျနေတယ်
နေပါစေတော့.............
အားလုံးဟာ ဋ္ဌာန်၊ ကရိုဏ်းကျကျလည်ပတ်နေကြတယ် ။
တိုက်တွန်းခြင်းကို တစ်သီးတစ်ပုဂ္ဂလအနေနဲ့
ခံစားခဲ့ရပေမယ့်
ငါ နားမယောင်ခဲ့ဘူး.......။
ခရီးအဆုံးထိ မရောက်ခဲ့သလို
ကွေ့ဝိုက်ခဲ့တဲ့လမ်းတစ်လျှောက်က
ဒဏ်ရာတွေကိုတော့မနွေးထွေးစေဘူး.........။
ပြန်တမ်းတနေခဲ့ချိန်မှာတော့ ကျဆုံးခဲ့တယ်
လိုအပ်နေတာတော့အမှန်ပါဘဲ
အသီးသီးပြောခဲ့ကြတယ်..........။
နောက်ဆုတ်ခြင်းက အားပေးခြင်းတစ်ရပ်
စောင့်ဆိုင်းနေခဲ့ချိန်မှာ............
မွတ်သိပ်မှုကတော့အမှန်ပါဘဲ
အနုအရွစကားလုံးတွေကို မိန့်ဟစေလိုက်ကာမူ
ဗျူဟာတွေကိုခင်းကျင်းဖို့အတွက် နားမလည်ခဲ့ဘူး .........။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment