ရင်ကွဲဒဏ်ရာတွေအတွက် မိုးစက်တွေက ခိုလှုံပေါင်းဖက်ပါရစေလို့  ဆုတောင်းနေကြသလား။
ရင်ထဲကရှိခြင်းနဲ့ မရှိခြင်း အတွက်ဝေခွဲရခက်နေတဲ့ ကာလများမှာငါဟာ.......နာရီလက်တံတွေလို အသက်မဲ့ ဝတ်ကျေတန်းကျေ
လှုပ်ရှားနေရတယ် ဆိုတာမင်းသိပေးရင်သိပ်ကောင်းမှာပါ။
အရွက်တွေ စိမ်းစိုနေပေမယ့် ကိုယ့်ကိုကိုယ် သစ်ခြောက်ပင်လိုထင်နေတဲ့စိတ်ထားနဲ့  ငါဟာ မဖြစ်ချင်တာတွေဖြစ်နေရက်နဲ့  လွမ်းနေရတယ်................။
အချိန်တွေမှားပြီးရောက်လာတတ်တဲ့ အချစ် ဆိုတာကိုမုန်းတယ်.....။
ရင်ထဲမှာမူးယစ်ဆေးဝါးလို မှီဝဲနေထိုင်တတ်တဲ့ အလွမ်း ဆိုတာကို ငါမုန်းတယ်....။
ရှေ့ တိုးနောက်ဆုတ် ငါ့ကို အရုပ်လေးတစ်ရုပ်လို အကွက်ရွေ့ ချင်တဲ့  ကံတရားကို ငါမုန်းတယ်။
.................ရယ်
ဘယ်တော့ မှမဟောင်းနွမ်းမယ့်  အိမ်မက်သစ်ရွက် တစ်ရွက်မကြွေတမ်း ငါ့ရင်မှာ ချိတ်ဆွဲပါရစေ...
ငါလေ.......
ချည်မယ့်ကြိုးကိုပြန်ဖြေသူရဲ့ လက် ကိုမယုံကြည်ချင်ဘူး.။ခင်းထားတဲ့ တံတားကို တိုက်စားဖြိုဖျက်မယ့် ရေစီးလိုမင်းမျက်ဝန်းတွေ ..............
မင်းငါ့ကိုမလိုလားအပ်တဲ့ စာရင်းမှာပစ်သွင်းခဲ့ ပြီလား.ဟင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment