ဘ၀နှစ်ခုအခြေပြုလို့ ဖြစ်လာကြတဲ့
တို့နှစ်ယောက်ရဲ့ကံကြမ္မာ
မိုးနဲ့မြေလို
ကွာခြားလွန်းခဲ့တယ်
ဆီ နဲ့ ရေ ဟာ
အရည်ချင်းတူပေမယ့်
ရောစပ်လို့မရနိုင်တာအမှန်ပါပဲ
မဖြစ်နိုင်မှန်းသိသိနဲ့
ငိုညည်းတမ်းတနေရအောင်
ကလေးငယ်လည်း မဟုတ်ဘူးလေ
စိတ်ပျက်အားငယ်ပြီး
လမ်းခွဲ ထွက်ရအောင်ကလည်း
နာကျင်လွန်းလို့
ရင်ဘတ်တစ်ခုလုံး ကွဲထွက်တော့မယ်
ဘယ်လိုလဲ ချစ်သူရယ်
တော်ရာကပဲ လွမ်းရမှာလား
ခေါ်ရာကိုပဲ “ မင်း ”
ပြန်လှည့်မလား ပြောပါကွယ်
No comments:
Post a Comment