အချစ်ကို နှလုံးသားနဲ့ရှာတယ်
လက်တွဲဖော်ကို
ဦးနှောက်နဲ့ဆုံးဖြတ်တယ်
ဝေးခဲ့ . . .
ချစ်ခြင်းမေတ္တာတွေနဲ့ရင်းပြီး “ေ ၀း ခဲ့ ”
မင်းက ကိုယ့်ကိုကိုယ်
အကောင်းဆုံး ထိန်းကျောင်းနိုင်သူပါ
မင်းမရှိပဲ
ငါ ရှင်သန်ခဲ့တယ်
ငါ မရှိလည်း
မင်း ပျော်ရွှင်လိမ့်မယ်
ဝေးခဲ့ . . .
အဲ့ဒီလို သဘောတရားတွေနားလည်ပြီး “ေ ၀း ခဲ့ ”
ထာဝရ ရိုးမြေကျ ရည်ရွယ်ခဲ့တယ်
ငါ့ရဲ့ပေါ့ဆမှုနဲ့
ကလေးဆန်မှုတွေအတွက်
မင်းအပေါ်
ဒဏ်မပိစေချင်တာတစ်ခုပဲ
ဝေးခဲ့ . . .
စေတနာတွေနဲ့ ရင်းပြီး “ေ ၀း ခဲ့ ”
ပြန်ခေါ်လို့မရအောင်
ဝေးမနေဘူး
တည်ငြိမ်နေတဲ့ နှလုံးသားနဲ့
မင်း ဘ၀တက်လမ်းအတွက်
မုန်းခဲ့တယ်
ဝေးခဲ့ . . .
ချစ်ခြင်း မေတ္တာတွေနဲ့ ရင်းပြီးမှ “ေ ၀း ခဲ့ တ ယ် ”
. . . . .. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment