Wednesday, December 2, 2009

အချစ်ရူးလေး

အချစ်ဆုံးရေ
မချစ်ဖူးတဲ့
အချစ်ရူးလေးကို
အချစ်တွေပိုပေးပါ
အချစ်ကြီးတာ
အပြစ်ကြီးတခုလို့
ဆွဲချက်တင်ရင်
အချစ်စစ်ဆိုတာ
ရှိပါဦးမလား
မချစ်ရရင်
မနေနိုင်မှန်း
သိထားမိလို့
တမင်တကာ
ရက်စက်တာလား
ငါ့..နှလုံးသားကို
ပလီပလာ
မာယာတွေနဲ့
ဘယ်လောက်ကြာအောင်
နှိပ်စက်မှာလဲ
မင်းတတ်ကျွမ်းတဲ့
မာယာစက်ကွင်း
အပ်နှင်းထားခဲ့မိလေပြီ.....

No comments:

Post a Comment