Wednesday, December 2, 2009

သူ

သူဖုန်းမကိုင်တဲ့အချိန်တွေတိုင်း
စိတ်ဆိုးသွားပြီးလားဆိုပြီးတွေးလို့ 
ဗျာများနေတဲ့သူ။
သူဖုန်းမဆက်တဲ့အချိန်တွေတိုင်း
မုန်းသွားပြီးလားဆိုပြီး
စိုးရိမ်နေတတ်သူ။
သူ့ စကားသံလေးများပုံစံပြောင်းရင်
သူစိတ်ညစ်နေလားဆိုပြီး
အမြဲတမ်းပျော်ရွှင်အောင်
လုပ်ပေးချင်တဲ့သူ။
ချစ်ဆိုတဲ့ခေါ်သံနဲ့ 
ပေးထားတဲ့ချစ်ခြင်းထဲနစ်မြုပ်နေတာမဟုတ်ဘဲ
ရင်ဘတ်ထဲကချစ်ခြင်းနဲ့ 
ထာဝရချစ်နေမယ့်သူ။
နာရီပေါ်ကလက်တံတွေပြောင်း
ပြက္ခဒိန်ကရက်တွေပြောင်းလည်း
ထာဝစဉ်မင်းတစ်ယောက်ထဲကိုသာ
ချစ်နေမယ့်သူ................။

No comments:

Post a Comment