ဆယ်ကျော်သက်လို
ရင်ခုန်မှုမျိုးနဲ့
တွယ်တာခဲ့တာ
မဟုတ်ဘူး။
တစ်ဘ၀စာ
ကြင်နာမယ်ဆိုပြီး
ငါ..... ချစ်ခဲ့တာ။
မင်းတွေ့ဖူးတဲ့ သူတွေနဲ့
ငါ မတူချင်ပါဘူး။
ဘယ်လိုပဲ ခက်ခဲခက်ခဲ
မင်းလက်ကိုပဲ တွဲမယ်ဆိုပြီး
ငါ ရည်ရွယ်ခဲ့တာ။
ကြယ်စင်တစ်သန်းနဲ့
လမင်းတစ်ရာ
ငါ့ညကို မသာပေးလည်း
မင်းပေးတဲ့ ပိုးစုန်းကြူအလင်းနဲ့
အဲဒီညကိုဖြတ်
ရင်ဘတ်ထဲက
နှလုံးသားကို အားကိုးပြီး
အဲဒီလမ်းကို ငါလှမ်းခဲ့တာ။
ပျင်းပျင်းရှိလို့ ငါ့နှလုံးသားကို
ခပ်တင်းတင်းလေး ကစားနေတာလား။
အဲဒီအထာတွေကိုလည်း မသိတက်
ငါ့ညက အဲလောက်ထိနက်ခဲ့တာ။
ခုတော့ ငါ့အိပ်မက်ကြီးလည်း
ဟာလာဟင်းလင်း
အချစ်သတင်းဆို
ဘာမှမကြားချင်လောက်အောင်
ငါ့နှလုံးသားလေးက
နာကျင်နေပြီ။
အသုံးမကျခဲ့တဲ့
အတိက်က အချိန်တွေအတွက်
နှလုံးသားကို ငါကိုယ်တိုင်ပဲ
” ကြိုးမိန့် ” ချလိုက်ပြီ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment