မြင်မြင်ချင်း က မချစ်မိခဲ့တာ
အပြစ်တစ်ခု လို ဖြစ်နေသလို...ဘဲ
မြင်စက မကြင်မိပေမယ့်
သိပြီး ခင်ပြီး နောက်မှ ချစ်မိပြီကွာ...
ချစ်ပြီးတော့လည်း တမ်းတမ်းစွဲပါဘဲ
အမြဲမပြတ်မြတ်နိုးချင်တယ်.....
အခု ဒီရင်မှာ .....
မင်းဟာ.... မ ရဲ့ ..ဂျူးလီးယက်ဆီဇာ ပါ ။
မင်း ကို မတွေ့တဲ့ နေ့ သေနေ့စေ့ သလို
ခုန်လေ့မရှိတာ.... မ ရဲ့ နှလုံးသားပါ ။
မင်း စိတ်ဆိုး တဲ့ အခါ ဗလောင်ဆူကာ
ငြိမ်မနေနိုင်တာ .....ဒီ ရင်မှာပါ ။
မင်း အတွက်ဆို လောကကြီး ကိုပင်
ကျောခိုင်း ကာ စိန်ခေါ် နေချင်တာ
မ.. စိတ်ရင်းပါ...
ဒါပေမယ့်.....
မ၀ံ့ရဲ တဲ့ ဒီစိတ်ကြောင့် ဘဲ
ချစ်တဲ့ စိတ်ကို မဖော်ပြမိ...
သူများဦးမှာလည်း
စိုးကြောက် နေဆဲ...
တစ်ချိန်ချိန်တော့ မင်းသိမှာပေါ့
ရင်မှာ ထင်မိ မျှော်ကာလင့်မိ
ယနေ့အထိ ဘဲ စောင့်နေ ဆဲ..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment