Thursday, December 3, 2009

ရှုံး

- ရေးထားတဲ့ အဆွေးကဗျာတွေ......
ဝေးသွားခဲ့တဲ့ နင်နဲ့ငါက အဝေးတစ်ကမ္ဘာမက.....။
- ခံစားချက်တွေပေါက်ထွက်လာတိုင်း
ပေါက်ခွဲခံထားရတဲ့ ငါ့အသဲတွေ.....
ရောက်ခဲ့သော်လည်း မကြိုခဲ့တဲ့ နင့်ရင်ခွင်နဲ့.....
တစ်ထပ်တည်းကျတဲ့နေ့က ငါ့ကမ္ဘာတွေပျက်တဲ့နေ့ပေါ့......။
- သက်ပြင်းတွေချခဲ့ရတဲ့ ညနေခင်းတိုင်းက
နင်ပေးတဲ့အိပ်မက်တွေဆို......
ငါပေးတဲ့နင့်အတွက်အိပ်မက်က...
အရှုပ်ထုတ်/ပျော်တော်ဆက် လား.....။
- နင့်အတွက်ဆို အသေခံအမှုထမ်းမယ့် စစ်သူပါ...။
- ချစ်ပါ....မုန်းပါ....ကြိုက်သလိုသုံးပါ...
အပြစ်တစ်ရာနဲ့ရှုံးခဲ့တာက....
ပုဒ်မ(၁၅၀၀)နဲ့ အမုန်းပတ်ချာလည်ဝိုင်းရံထားတဲ့.....
အရှုံး....သူငယ်ချင်းလေးပါ....။

No comments:

Post a Comment