Thursday, December 3, 2009

ဘိန်းစွဲသူ

ချစ်သူေ၇.....
အချစ်ဆိုတာကို
နှုတ်ကနေချစ်တယ်လို့
ပြောထွက်ရုံကလွဲပီး
ဘာမှနားမလည်ခဲ့သူငါ့ကို
မင်း၇ဲ့အကြင်နာတွေစကားတွေ
ရင်ခုန်ဖွယ်အပြုံးလေးတွေနဲ့
ငါ့ကိုဆွဲဆောင်သိမ်းသွင်းပြီး
ယစ်မူးနေတဲ့ငါ့နှလုံးသားထဲက
အချစ်တွေကိုဆွဲထုတ်ယူသွားခဲ့တဲ့
ချစ်သူေ၇....
ချစ်တတ်အောင်သင်ပေးပြီးမှ
အချစ်ငတ်အောင်မင်းလုပ်ခဲ့တဲ့
ငါ့ဘဝက
အခုဆိုရင်
မင်းမရှိတဲ့နေ့ရက်တွေကို
ဆေးပြတ်နေတဲ့ဘိန်းသမားတစ်ယောက်လို
ခက်ခက်ခဲခဲ...နာကျင်စွာ
ဖြတ်သန်းနေရပြီကွာ....
ချစ်သူေ၇....
မင်းမှာကြင်နာတတ်တဲ့စိတ်လေး
နည်းနည်းလောက်၇ှိတယ်ဆိုရင်ပေါ့
မင်း၇ဲ့အချစ်ကျောင်းသူလေးကို
တစ်ချက်လောက်ဖြစ်ဖြစ်..
လှည့်ကြည့်လဲ့ပါအုံးကွာ။။။။။။။။

No comments:

Post a Comment