တိမ်တွေကို ဆော့ကစားရင်
သက်တန့်ပေါ်ငါရောက်နေခဲ့တာတောင်
ငါဆိုတာဘာမှန်းမသိဘဲ
နင့်ကိုချစ်ခဲ့ပေါ့...
ကောင်လေးရေ
နေမင်းရဲ့ ပူလောင်မှုတွေထက်
ငါ့အချစ်က ပိုပူုပြင်းတယ်ဆိုရင်
နင်မချစ်ပါနဲ့....
နင့်မျက်နှာတစ်ခါမြင်တိုင်း
ငါ့ရင်ထဲမှာ
လတစ်စင်းမောင်းခုတ်သွားတယ်
ကောင်လေးရေ....
ပင်လယ်ပြင်ကြီး ဘယ်လောက်ကျယ်တယ်ဆိုတာ
ငါမသိပေမယ့်
နင့်ကိုချစ်တဲ့ အချစ်ကတော့
အနှိုင်းမဲ့ပါဘဲ......
Subscribe to:
Post Comments (Atom)
No comments:
Post a Comment