Tuesday, December 1, 2009

အသက်ရှင်နေသရွှေ့

ရှိပါစေတော့
ချစ်သူရယ်။
သူမတူအောင်လွမ်း
ရင်ထဲက ဝေဒနာ
ကြေငြာဖို့လည်း
ခက်လှတယ်။
သိပ်ချစ်မိသူတစ်ယောက်အတွက်
ရရှိလိုက်တဲ့ ဒဏ်ရာဟာ
မထင်မှတ်စရာပါပဲ
အမှတ်မရှိတဲ့
အသည်းနှလုံးက
နာကျင်ကြေကွဲမနေဘဲ
သူ့ကိုပဲ စွဲလန်းတမ်းတ
နေဆဲပဲလေ။
ဒါကြောင့်
ရင်နင့်အောင်
ွလွမ်းနေလည်း
ကိုယ့်အသက်ရှင်နေသရွှေ့
မဖြစ်နိင်ပေမယ့်
ချစ်နေပါရစေ။

No comments:

Post a Comment