Sunday, December 13, 2009

အရက်နဲ့တူသော အချစ်

အချစ်ဆိုတာ အရက်နဲ့တူတယ်.......
မေတ္တာတရားဟာ ပျားရည်နဲ့တူတယ်.....
အရက်ဟာ လူတစ်ယောက်ကို ဖျက်ဆီးပြစ်နိုင်သလို...
အချစ်ဟာလဲ နှလုံးသားတစ်ခုလုံးကို ပျက်ဆီးနိုင်ပါတယ်...
ပျားရည်မရောပဲသောက်တဲ့ အရက်ဟာ ခွန်အားမဖြစ်သလို.....
အချစ်တစ်ခုတည်းနဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးဟာလည်း မတည်မြဲနိုင်ဘူး..........
ပျားကောင်တွေဟာ ပျားရည်ဖြစ်အောင် ပန်းဝတ်မှုံမှတဆင့်ဖန်တီးထားသလို...
သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကိလည်ုး မေတ္တာတရားက ပြောင်းလဲပေးစေနိုင်ပါတယ်........
ပျားရည်ကို ဘာမှမရောပဲသောက်ရင် သွေးသားတွေပူလာပေမယ့် ခွန်အားဖြစ်စေသလို...
မေတ္တာတရားဟာလည်း နုးညံ့သိမ်မွေ့တဲ့နှလုံးသားဖြစ်အောင် ခွန်အားပေးပါတယ်.....
အရက်ကို နေရာဒေသအလိုက် အရက်အမျိုးမျိုးရနိုင်သလို........
အချစ်ဟာလည်း နေရာဒေသလိုက်ပြီး ပုံစံအမျီုးမျိုးနဲ့ တွေ့ရပါတယ်........
ပန်းဝတ်မှုံမှ ပျားရည်ဖြစ်အောင် ပျားကောင်ကသာလျှင် ဖန်တီးခဲ့သလို......
သင့်ရဲ့နှလုံးသားထဲမှာ မေတ္တာတရားရှင်သန်နေဖို့အတွက် ကိုယ်ကိုယ်တိုင်ကဖန်တီးယူရ ပါတယ်.............

No comments:

Post a Comment