Sunday, December 13, 2009

ခ ပ် ရ င့် ရ င့် နှ လုံး သား

ဥယျာဉ်မှူးရဲ့

နွေးထွေးမှုကင်းမဲ့ခဲ့တဲ့အခါ

ပန်းပွင့်လေးလည်း မလန်းဆန်းနိုင်တော့ဘူးတဲ့

ကိုယ့်မှာဘယ်နှစ်ဘယ်ဘ၀ကများ

ရင်လွှဲမှားခဲ့ဖူးသလဲ


အဖြူရောင်သက်သက်နဲ့

ဆွဲဆောင်လို့မရတော့တဲ့အခုလိုခေတ်ကြီးထဲမှာ

. . . အချစ်ဆိုတာ . . .

ကိုယ်လက်ဝင်လျှိုခဲ့မိတဲ့ ဓါးခုတ်ရာလေးတွေပါ


လွယ်တယ်

ရနံ့တွေဖြတ်ပြေးတိုင်း

. . . အာရုံက . . .

အရောင်ပြောင်းတာသိပ်လွယ်တယ်


လေနဲ့မှုတ်ငြိမ်းရုံနဲ့ မငြိမ်းသက်တဲ့

သံသရာထဲ

ခွင့်လွတ်တယ်ဆိုတာအားနာလို့

တစ်ခါတစ်လေ

ကိုယ့်လျှာကိုယ် သော့ခတ်ထားရတဲ့ ကိစ္စတွေပါ


လက်ဝါးဖြန့်ခိုင်းထားပြီးမှ မပေးပဲ


ပြန်ယူသွားတတ်တဲ့သူတွေထဲ


ကိုယ်ကလည်း


တ ရား နဲ့ အ ဆ င် သ င့် 

မ ဖြ စ် . . .

. . . ေ သ း

ချိ န် . . .

. . . ဆို

ေ တ ာ့ . . . ။

No comments:

Post a Comment