ယောက်ျားတွေက
အချစ်အတွက် အားလုံးကိုစွန်.လွှတ်တယ်
မိန်းမတွေက
အားလုံးအတွက် အချစ်ကိုစွန်.လွှတ်တယ်
မင်းနဲ.ငါလည်းဒီအတိုင်းပဲမို.
အပြစ်မတင်တော့ပါဘူး။
ပြန်တွေ.ကြရင်
အမေးချင်ဆုံးစကားတစ်ခွန်းရှိတယ်
“ ပျော်ရဲ.လား ” လို.
မင်းကိုမတွေ.လို. ကိုယ့်ကိုကိုယ်ပြန်မေးမိတယ်
နေခဲ့ရသူပဲကွယ်
ဘယ်ပျော်နိုင်ပါ့မလဲ။
သွားတော့မယ်လို. နှုတ်ဆက်တော့လည်း
လက်ကိုအနိုင်နိုင်ယမ်းပြရုံကလွဲပြီး
ဘာတတ်နိုင်ဦးမှာလဲ
စကားနာထိုးတော့လည်း
အမုန်းပွားရုံပဲပေါ့။
တားမရမှန်းသိလို. တစ်ခွန်းမဟ ခဲ့တာကို
သူငါ့ကိုတကယ်မချစ်လို.ပဲဆိုပြီး
ကြံဖန်စိတ်သက်သာအောင်နေပါချစ်သူ
မင်းသန်.ချင်လွန်းတဲ့လိပ်ပြာ
စွန်းထင်အောင် ငါဘယ်တော့မှမပြောဘူးကွယ်။
ငါကတော့ ခွင့်လွှတ်လိုက်ပါတယ်
ကိုယ့်ကိုကိုယ်ခွင့်လွှတ်တတ်အောင်တော့
မင်းကြိုးစားပြီး သင်ယူပါတော့ချစ်သူရေ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment