Friday, February 5, 2010

ရူးသွပ်ခြင်း

မဟူရာည အမှောင်ပြင်မှာ
ငွေစင်ရောင် ကြယ်တစ်ပွင့်
ကြွေလွင့်ကာ ရင်ထဲ .........
ဝင်လာဖို့ မဖြစ်နိင်
လှပစွာ ဆစ်ထု
အချစ်ရုပ်တု တစ်ခုလျှင်
သက်ဝင်လှုပ်ရှား
စကားပြောဖို့ မဖြစ်နိင် ..........
ဒါပေမယ့်လေ ..........
ဒါတွေကို ရည်စူး
ရူးမိုက်စွာ မျှော်လင့်ဖူးတယ်
ရယ်စရာများလား
ငါ့လူသားမို့ .........
ထို့အတူလေ .........
ခွဲဝေ မဖြစ်
မင်း အချစ်ကို
ငါ့ ............

No comments:

Post a Comment