မမေ့နိုင်စရာတွေကို
မသိချင်ယောင်ဆောင်နေဖို့
သက်သေမရှိတဲ့ ဝေဒနာတွေကို
ထွေးပိုက်ပျော်မွေ့ရင်း
အချစ်ကို ရိုးသားစွာ ခင်တွယ်ခွင့်ပေးပါ
ချစ်သူ နင် ဟာ
ငါ့ဘ၀ ရဲ့ အရှင်သခင်
ငါ့ဘ၀ ရဲ့ ကောင်းကင်
ငါ့ဘ၀ ရဲ့ နားခိုရာ
ငါ့ဘ၀ ရဲ့ အလင်းရောင်…
ဒါပေမယ့် ကွာ….
အခန့်သင့်တိုင်း ..ထိုးကျွေးခံရတဲ့
ငါ့ရဲ့ မာန တရားတွေ နဲ့
အလိုရှိတိုင်း ရိုက်ချိုးခံရတဲ့
ငါ့ရဲ့ ဂုဏ်သိက္ခာတွေ အတွက်
မင်းကို မစတေး ချင်တော့ဘူး..
ထားရစ်ခဲ့ပါတော့ကွာ
ကံကောင်းခြင်း နဲ့ မျက်ရည်ပြတ်နေသူအတွက်
လွမ်းခွင့် ဆိုတာတောင်
လေးနက်ကြီးမြတ်လှပါပြီ……….
Subscribe to:
Post Comments (Atom)
No comments:
Post a Comment