သခင် ....
အမှတ်မထင် တွေ့စတုန်းက
သတိမထား မေ့ထားခဲ့တဲ့
ကျမ အချစ်ကို
ဘာကြောင့်များ သတိထားမိလာအောင်
နှိုးဆွခဲ့ရသလဲလို့ မေးချင်မိပါတယ် .........
သခင် ..........
မိန်းခလေးဖြစ်နေလို့
ရှင့်ကိုချစ်တယ် လို့ ဖွင့်ဟပြောဖို့
မဖြစ်တာဖို့ သခင်ပြောမယ့်နေ့ကို
စောင့်စားရင်း မျှော်နေမိပါတယ် .........
သခင် ......
ဘာတွေစဉ်းစား အတွေးများကာ
အခုချိန်ထိဖွင့်မပြောပဲ
ဆွံ့အနေသလဲရှင် .....
သခင်ပြောတဲ့စကားတစ်ခွန်းကို
မျှော်လင့်စွာစောင့်စားနေတဲ့
ကောင်မလေးမှာ မျှော်လင့်ရင်း မျှော်လင့်ရင်းဖြင့် ..............................
သခင် အချစ်ကိုစောင့်စားရင်း ...................
နေ့ရက်များစွာကိုဖြတ်ကျော်ခါ
သခင်ပြောမယ့်နေ့ကို ရင်ခုန်စွာစောင့်ကြိုနေတာ
သခင် သိပါစေ ...........................
Subscribe to:
Post Comments (Atom)
No comments:
Post a Comment