Friday, February 5, 2010

အရောင်မပါချစ်ခြင်း

ချစ်သူရေ
မင်းအပေါ်ဖြစ်နေတည်နေတဲ့
ငါ့ရဲ့ ချစ်ခြင်းတွေမှာ
ပူလောင်မှု စိုစင်းမျှ မပါ
အဖြူထည်သက်သက်ပါ
ချစ်သူရေ
တမ်းတမှု ရှိခဲ့ပေမယ့်
တပ်မက်မှုတွေ ရှောင်ခဲ့တာ
မင်း စိတ်ညစ်မှာစိုးလို့ပါ။
ချစ်သူရေ
ပိုင်ဆိုင်ရဖို့ထက်
ပေးဆပ်နားလည်မှုကိုသာ
ဦးစားပေးတတ်တာ
ငါ့ရဲ့ ပင်ကိုယ်ဗီဇတစ်ခုပါ။
ချစ်သူရေ
အရာရာထက် မင်းကို တန်ဖိုးထားမြတ်နိးမိတာ
ငါ့ရဲ့ ရင်ထဲက ချစ်ခြင်းပါ၊

No comments:

Post a Comment