Tuesday, February 9, 2010

...သို့

စကားလေးသုံးခွန်း
ကြားခဲ့ဖူးတယ်
အနမ်းဝေ
အလွမ်းခြွေ
ပန်းတွေဝေ တဲ့။
ချစ်နေကြချိန်
အနမ်းဝေကြတယ်။
ခွဲခွာရချိန်
အလွမ်းမျက်ရည် ခြွေရတယ်။
ပြန်တွေတဲ့အချိန်
အချစ်ပန်းဝေတယ်။
ဒါပေမယ့်လေ...
ငါ့ရင်ထဲမှာဝေတဲ့အရာက
အချစ်ရဲ့ symbol နှင်းဆီမဟုတ်ဘဲ
ခွဲခွာခြင်း symbol စိမ်းကားမှုတွေပဲလား.........
..................................................။

No comments:

Post a Comment