Tuesday, February 9, 2010

အပိုင်းအစတချို့ 

အချစ်-
အချစ်တဲ့လား
မင်းအတွက်ဆိုရင်
အနှိုင်းအဆမဲ့
ကမ္ဘာကျယ်သရွေ့
ငါ့ရဲ့အချစ်တွေပေးချင်သူပါ။
အမုန်း-
အချစ်ရဲ့နောက်မှာ
အမှန်းရှိတယ်တဲ့လား
ငါ့ဘ၀ကို
မင်းလိုသလိုသုံး
မလိုအပ်တော့ရင် လွှင့်ပစ်
ငါဘ၀ဟာ
မင်းခြေဖ၀ါးအောက်မှာ
ခြွေမွကျန်ခဲ့ရင်တောင်မှ
ငါလေ
အမှန်းမရှိမင်းကိုချစ်နေအုံးမှာ။
အလွှမ်း-
အလွှမ်းတဲ့လား
မင်းနဲ့တစ်စက္ကန့်လေးတောင် မဝေးချင်ပါဘူးကွယ်
ဒါပေမဲ့
မင်းနဲ့ဝေးတဲ့ဘ၀မှာ
မရေတွက်နိုင်တဲ့
အလွှမ်းတွေကို
ရင်ခွင်ပိုက်ကာ
မသေချာတဲ့မင်းနဲ့တွေ့မဲ့တစ်နေ့ကို
ဒီအလွှမ်းတွေနဲ့
ငါမျှော်လင့်နေအုံးမှာပါ-

No comments:

Post a Comment