Tuesday, February 9, 2010

ရင်ခွင်ဖြိုးမိုး

မတောင့်တဘဲ
ရွာခဲ့တဲ့ မိုးပါ
ကောင်းကင် တစ်ခုစာပေါ့
တစ်မိုးတွင်းလုံး အတွက်
ယုံဋ္ဌကည်လို့ 
နှစ်နှစ်ခြိုက်ခြိုက် အစိုခံခဲ့ပြန်တော့
ဟော......ရုတ်တရက်
တိတ်သွားပြန်ရော
ရင်နင့်အောင် ခံစားခဲ့ရသူပါ
ဒါဟာ သဘာဝတရား တစ်ခုလား
တကယ်ဆို ငါဟာ
နှလုံးသား ချစ်ခြင်းမှာ
အပြစ်ကင်းခဲ့သူပါ
"လှည့်စားရက်တယ်"လို့ တော့
မဟုတ်ပါဘူး
ငါကိုယ်တိုင်က
မိုးကို ချစ်တဲ့ စိတ်နှင့်
အညှာလွယ်မိခဲ့တာပါ
အခုတော့လေ.....
အဲဒီ မိုးက
အခြား ကောင်းကင် တစ်ခုမှာ
ပြောင်းလဲ ထစ်ချုန်းလို့ 
ငါ့ နှလုံးသား ကနျာရထဲ
မိုး တစ်ပေါက်တောင်မှ မခတော့ဘူး။

No comments:

Post a Comment