ပကတိဟင်းလင်းပြင်မှာ ကြယ်စင်လေးတစ်ပွင့် 
မျှော်ကြည့်ခွင့်ရလျှင်လည်း ကျေနပ်ပါတယ်ကွယ်
. . . "
ည.....
ကောင်းကင်မှာ တိမ်မရှိ လမရှိ
ပကတိဟင်းလင်းပြင်မှာ ကြယ်စင်လေးတစ်ပွင့် 
မျှော်ကြည့်ခွင့်ရလျှင်လည်း ကျေနပ်ပါတယ်ကွယ်။
ည.....
ဘာဆို ဘာမှမရှိ
မှောင်အတိ ပိတုံးရောင်အလား
ငါ့အားဝိုးတဝါး လှည့်စားလို့ သွားတဲ့ ည.......။
ချစ်သူရေ...
တို့တစ်တွေ မတွေဝေလိုက်ပါနဲ့
ညမိုက်တွေထဲမှာ လ ဟာ ကွယ်ပျောက်နေပေမယ့်
သူတစ်ခေါက်တော့ ပြန်လျှောက်လာအုံးမှာပါ။
ချစ်သူရေ....
လသာသောညကိုရောက်ရင်
ပန်းတောကိုလည်း လျှောက်ချင်လျှောက်မယ်။
စံပယ်ပွင့် ကလေးတွေ ကောက်ချင်ကောက်မယ်။
ဒါမှမဟုတ်
ပင်လယ်ကမ်းနံဘေး မချမ်းမအေးပဲ
သဲသောင်လမ်းကလေးမှာ
မင်းနဲ့ ငါ......
ကဗျာကလေးတွေရွတ်ရင်း
လမင်းကြီးကိုတိုင်တည်ပြုကြရအောင်နော်။
ချစ်သူရေ.....
ဆန္ဒနဲ့ဘဝ ထပ်တူကျရအောင်
မှောင်အတိကျနေတဲ့ ဟောဒီလိုညတွေကို
တို့အတူကျော်ဖြတ်ရင်း ...
လမင်းကြီးကို တို့ မျှော်ကြည့်ချင်ပါသေးတယ်ကွယ်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment